aboutus
about

C&C INFO

လူတွေရဲ့အတွေးထဲ ကား၊ ဆိုင်ကယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခု သိရှိလိုတဲ့အခါတိုင်းမှာ မိမိသိလိုသမျှတွေကို တစ်နေရာတည်း အချိန်ကုန်သက်သာပြီး အလွယ်တကူရှာဖွေနိုင်အောင်၊ မှန်ကန်တိကျပြီး Update ဖြစ်တဲ့ နည်းပညာအချက်အလက်၊ သတင်းနဲ့ အသိပညာတွေကို တစ်စုတစ်စည်းတည်း ဝင်ရောက် လေ့လာနိုင်တဲ့အောင် ယုံကြည်စိတ်ချရတဲ့ နည်းပညာ Website တစ်ခုအနေနဲ့ ရေရှည်အသုံးပြုနိုင်စေဖို့ အဓိကရည်ရွယ်တာ ဖြစ်ပါတယ်။ ကားလုပ်ငန်း လုပ်ကိုင်သူ၊ ဆိုင်ကယ်လုပ်ငန်း လုပ်ကိုင်သူအများစုအနေနဲ့ Update ဖြစ်တဲ့ နည်းပညာတွေကို လေ့လာရတဲ့အခါမှာ ဘာသာစကားကွာခြားမှုဆိုတာကလည်း အခက်အခဲတစ်ခုဖြစ်တဲ့အတွက် ဒီအခက်အခဲကို ကျော်လွှားပြီး လွယ်လွယ်ကူကူလေ့လာနိုင်စေဖို့လည်း ဖြစ်ပါတယ်။

ဒါ့ပြင် ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို စိတ်ဝင်တစားလေ့လာလိုပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်လိုတဲ့ လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း လေ့လာနိုင်စေဖို့ ရည်ရွယ်ပါတယ်။

ဒါကြောင့် ကား၊ ဆိုင်ကယ်နည်းပညာ စိတ်ဝင်စားသူတိုင်း သိလိုသမျှ၊ လေ့လာလိုသမျှ ကဏ္ဍအလိုက် စုံစုံလင်လင် ဖော်ပြထားတဲ့ C&C Info ကို သက်သာတဲ့ လစဉ်ကြေးနဲ့ အမြဲ အလွယ်တကူ ဝင်ရောက် လေ့လာနိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။